work flow

Homepage ပြုလုပ်ခြင်းနှင့် Website ဖန်တီးခြင်း လုပ်ငန်း ပြုလုပ်ပုံအဆင့်ဆင့်-

    

၁-ဆက်သွယ်ရန်
ကျွန်ုပ်တို့နှင့် ဆက်သွယ်လိုပါက ဖုန်း (၀၁-၅၁၁၈၃၄) (သို့) contact ဖောင် ကိုအသုံးပြုခြင်းဖြင့်လည်း ဆက်သွယ်နိုင်ပါသည်။
သင့်လုပ်ငန်း လိုအပ်ချက်ကို အကောင်းဆုံး နှင့်အလျှင်မြန်ဆုံး အကြံပေးနိုင်ရန် အတွက် အောက်ပါအချက်များကို ကျွန်ုပ်တို့အား အသိပေးရန် လိုအပ်ပါသည်။

  *Website ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် (သို့) အကြာင်းရင်း
  *Website အဆုံးသတ် ပြီးစီးရန် မျှော်လင့်သောအချိန်
  *သင့်အသုံးချမည့် ကျပ်ငွေ
    

矢印
    

၂- ပထမဆုံး တွေ့ဆုံခြင်း (အခမဲ့ဝန်ဆောင်မှု)
သင့်လိုအပ်ချက် နှင့် တောင်းခံချက် များကို သိရှိနိုင်ရန်နှင့် အကြောင်းနှင့် Website ပြုလုပ်ရခြင်းအကြာင်း ကိုသင့်နှင့် ပိုမိုပြီးပြည့်စုံစွာ ဆွေးနွေးနိုင်ရန် ပထမဆုံး တွေ့ဆုံမှု ပြုလုပ်ရခြင်းဖြစ်ပါသည်။

  *ကျွန်ုပ်တို့ရုံးခန်းသို့ လာရောက် တွေ့ဆုံနိုင် ပါသည် (သို့) အကယ်၍ သင့်ရုံးခန်းသည် ရန်ကုန်မြို့ အတွင်းတွင်ရှိပါက Myanmar Website Creator မှတာဝန်ရှိသူများ မှသင့်အား လာရောက် တွေ့ဆုံနိုင်ပါသည်။
  *အကယ်၍ သင်သည် ရန်ကုန်မြို့ နှင့်ဝေးကွာသော အရပ်တွင်နေထိုင်ပါက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
  *ဆွေးနွေးနေစဉ်တွင် မရှင်းလင်းသည့်အချက်များရှိပါက လွတ်လပ်စွာ ဆွေးနွေးမေးမြန်း နိုင်ပါသည်။
    

矢印
    

၃-အကောင်းဆုံးရေးဆွဲထားသော Homepage အစီအစဉ် တစ်ခုရရှိနိုင်ရန်အတွက် အကြံပေးကူညီခြင်း နှင့် ကျသင့်ငွေအားခန့်မှန်းခြင်း
သင့်လုပ်ငန်းနှင့် သက်ဆိုင်ပြီး တစ်ထပ်တည်း ကျသည့်အပြင် သင့်လိုအပ်ချက်နှင့် တောင်းခံချက် ပေါ်အခြေခံ၍ ကျွန်ုပ်တို့ အကောင်းဆုံး ရေးဆွဲထားသော Homepage ကို အကြံပေး တင်ပြပါမည်။ အခြား Homepage ပုံစံအချို့ ကိုလည်းတင်ပြပေးပါမည်။
    

矢印
    

၎- စာချုပ် ချုပ်ဆိုခြင်း
အကယ်၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုမည်ဟု ဆုံးဖြတ်ထားပါက ကျွန်ုပ်တို့နှင့် နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုရပါမည်။
ယခုအဆင့်တွင် ကျသင့်ငွေ၏ ၅၀ရာခိုင်နှုန်း အား ပေးချေရပါမည်။     

矢印
    

၅-Homepage စတင်ပြုလုပ်ခြင်း
ကျွန်ုပ်တို့မှ သင်ရွေးချယ် ဆုံးဖြတ်ထားသော အခြေခံဒီဇိုင်းနှင့် ဖွဲ့စည်းမှုများကို ပေါင်းစပ်၍ စတင်လုပ်ဆောင်ပါမည်။ထိုစဉ်တွင် သင်တို့ဘက်မှ လိုအပ်သော ဖွဲ့စည်းမှုအကြောင်းအရာ နှင့် ကိုးကားချက်များကို စာမျက်နှာ တစ်ခုချင်းစီအတွက် ရေးသားကူးယူ ပြင်ဆင်ထားပေးရန် လိုအပ်ပါသည်။ အကယ်၍ မူရင်းပုံများ (သို့မဟုတ် အခြားပြန်ကြားရေး ပုံစံများ)ကိုသာ သုံးရန်ဆန္ဒရှိ ပါက ၎င်းတို့ကို လည်း ပြင်ဆင်ထားရန်လိုအပ်ပါသည်။ သင့်ဘက်မှ စီစဉ်ထားသည်တို့ကို ပေါင်းစု အသုံးပြု၍ Website အားပြုလုပ်ပေးမည်ဖြစ်ပါသည်။

(သင့်လိုအပ်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှု အရပြုလုပ်သည့်ကာလမှာ အနည်းဆုံး၂ပါတ် ကြာမြင့်မည်ဖြစ်ပါသည်။ )     

矢印
    

၆- ပြီးပြည့်စုံသော Homepage တစ်ခုဖြစ်ပေါ်လာခြင်း
ကျွန်ုပ်တို့မှ သင့်ထံသို့ ပြီးဆုံးသွားသော homepageအား ပေးပို့မည်ဖြစ်ပါသည်။ ကျန်သော ကျသင့်ငွေ ၅၀ရာခိုင်နှုန်းအား ပေးချေရပါမည်။     

矢印
    

၇- Website Server ပေါ်တင်ခြင်း
အကယ်၍ သင်သည် ကျွန်ုပ်တို့၏ web hosting service ကိုအသုံးပြုမည်ဆိုပါက သင့်တောင်းခံမှု ပေါ်မူတည်၍ ဒိုမန်း အားမှတ်ပုံတင်ပေးခြင်း ၊Homepage အား server ပေါ်တင်ပေးခြင်း တို့ကိုပြုလုပ်ပေးပါမည်။ထိုမှသာ သင့်Website ကို တစ်ကမ္ဘာလုံးမှကြည့်ရှု နိုင်မည်ဖြစ်သည်။သင့်မူရင်းemail address ကိုလည်းအသုံးပြုနိုင်ပါသည်။     

矢印
    

* သတိပြုရန် Myanmar Website Creator မှ နိုင်ငံရေးနှင့် ငြိစွန်းသော Homepage နှင့် ညစ်ညမ်းHomepage များအား ပြုလုပ်ပေးခြင်းမရှိပါ ။ ကန့်သတ်ချက်များ အား အသေးစိတ်ကြည့်ရန်...     



COPYRIGHT © 2010-2011 Myanmar Website Creator (by Sky Bridge Co., Ltd.)
Room A-407, High Way Complex, Simmalite, Karmaryut Township, Yangon, Myanmar Tel: +95-1-511834    Email: info@myanmarwc.com

Links:         缅甸投资咨询        Myanmar Real Estate        Language Exchange        株 Golden Eye        缅甸房地产投资        缅甸房地产中介